ကျွန်မ ဘလော့ကအခုမှစတင် အသစ်တည်ထောင်နေဆဲဖြစ်တဲ့အတွက် ပြင်ဆင်နေဆဲဖြစ်ပါတယ်ရှင် .... ကျေးဇူးပြု၍ သီခံပေးကြပါရန်မေတ္တာရပ်ခံအပ်ပါသည် ရှင်
Showing posts with label ကဗျာများ. Show all posts
Showing posts with label ကဗျာများ. Show all posts

Friday, 21 June 2013

ဝါဆိုဝါခေါင် ရေတစ်ဖေါင်ဖေါင်

 မိုးရေတက်ရေတွေနဲ့မို့ မိုးတွင်းရာသီမှာ ကလေးတို့ ကျောင်းသွား၊ကျောင်းပြန်
အထူးဂရုစိုက်ရန် လိုအပ်လှသည်။
မိဘများအနေနှင့် ပိုမိုသတိရှိရမည်ဖြစ်သည်။ အချိန်အခါမဲ့ 
မိုးသည် မှန်းဆရန်မလွယ်။ ကလေးတို့ ကျောင်းဆင်း၊ကျောင်းတက်
အချိန်များတွင် အချိန်မှန်မိုးကြီးလေ့ရှိသည်။
ကျောင်းကြိုသူ ပို့သူနှင့်ကျောင်းသူ၊ကျောင်းသားလေးများ ရွှဲရွှဲစို
နေကြသည်ကိုကား အံတုလို့မရနိုင်ပါ။
မိဘများအနေဖြင့် ပိုပြီး ဂရုတစိုက်ရှိနိုင်မှသာ မိမိတို့၏
သားသမီများတဖြိုင်ဖြိုင်ကျနေတဲ့ရာသီမှာ အအေးမိ၊ တုပ်ကွေး ဖျားနာ
မှုများမှ ကာကွယ်တားဆီးနိုင်မှာဖြစ်သည်။
မိုးရေတက်ရေတွေနဲ့ ဝါဆိုဝါခေါင် ရေတစ်ဖောင်ဖောင်ကာလမှာ
ကလေးတို့်နှင့် မိဘများ ကိုယ်စိတ်နှစ်ဖြာ ကျန်မာ၊ချမ်းသာ ကြပါစေကြောင်း
ဆုတောင်းမေတ္တာပို့သလိုက်ရပေသည်။

ရွှင်လန်းချမ်းမြေ့ကြပါစေ....

ရေးသူ    >>>ယဉ်ယဉ်သူ